ရွှေကူမြို့မှ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘော(၂)စီးကို  မြို့လှ PDF စောင့်ကြို တိုက်ခိုက်

ပုံအညွှန်း -  မြို့လှ PDF တပ်ဖွဲ့မှ ရှေးတန်းထွက်ခွာစဉ်က ပုံ
ပုံအညွှန်း - မြို့လှ PDF တပ်ဖွဲ့မှ ရှေးတန်းထွက်ခွာစဉ်က ပုံ
ရွှေကူမြို့မှ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ သင်္ဘော(၂)စီးကို  မြို့လှ PDF စောင့်ကြို တိုက်ခိုက်
ဇန်နဝါရီ 15, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ပုံညာသင်္ဘောနှင့် ပြဒါးရှင်သင်္ဘော(၂)စီးကို မြို့လှ PDF မှ ယနေ့ ဇန်နဝါရီလ(၁၅)ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

ယင်းအကြမ်းဖက် စစ်ကောင်စီ၏ သင်္ဘောနှစ်စီးကို စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဆင်ကုန်တိုင်ရွာအနီး၌ မြို့လှ PDF တပ်မှ နံနက်(၁၁)နာရီခွဲတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သင်္ဘောမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

နံနက်(၉)နာရီဝန်းကျင်ကလည်း ရွှေကူမြို့မှ စုန်ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သင်္ဘောမှ  ရေလမ်းတလျှောက်ကမ်းပါးရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် မနက်(၇)က မြို့လှ PDF တပ် နှင့် KIA ပူးပေါင်းတပ်ဖွဲ့သည်  အစုန်သင်္ဘောလုံခြုံရေးယူထားသော အကြမ်းဖက်စစ်ကောင်စီတပ်ရင်း (၁၂၁)တပ်ကို ချောင်းဝရွာအနီးတွင် တိုက်ခိုက်ခဲ့ရာ စကစဖက်မှ အမြောက်အများ ထိခိုက်မှုရှိနိုင်ပြီး မြို့လှ PDF တပ်ဖွဲများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စကစတပ်များ မြစ်ကမ်းတလျှောက် ကျေးရွာများဖြစ်သည့် တုတ်ကြီး၊ သံပုရာ၊ နကူး၊ နလယ်အင်း စသည့်ကျေးရွာများတွင် ပြီးခဲ့သည့် ရက်များမှစတင်ကာ အင်အားတချို့နေရာယူထား‌ကြောင်းသိရသည်။