ရွှေဘိုမြို့ အနောက်ခြမ်းရှိ သီလုံးပြည်သူ့စစ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်

ရွှေဘိုမြို့ အနောက်ခြမ်းရှိ သီလုံးပြည်သူ့စစ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အနောက်ခြမ်းရှိ သီလုံးပြည်သူ့စစ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။

သီလုံးပြည်သူ့စစ်စခန်းအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ ည (၁၁)နာရီခန့်တွင် ဒရုန်းများဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ပြီး မြေပြင်မှလည်း တပြိုင်တည်း ဝင်ရောက်ပစ်ခတ်ကာ ထိတွေ့တိုက်ပွဲ (၁)နာရီခွဲခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်များအထိနာခဲ့ပြီး စခန်းသိမ်းရန် နီးစပ်ချိန်တွင် ပန်းရံကျေးရွာ၊ မဂ်လာရွာသစ်နှင့် ဇီးဖြူကုန်းကျေးရွာတို့မှ ပျူစောထီးများ စစ်ကူရောက်ရှိလာသည့်အတွက် PDF ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း သီးလုံးပြည်သူ့စစ်စခန်းမှ ပြည်သူ့စစ်သုံးဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး၊ ပန်းရံပျူစောထီးကျေးရွာတွင် ဆေးကုသမှုခံယူနေသည်ဟု သတင်းပြန်လည်ကြားသိရကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile အဖွဲ့၊ M.SAI.NAW ပြောက်ကျားဒရုန်းတပ်ဖွဲ့(ဝလ) ၊ Phoenix wings ဇာမဏီ ပြည်သူ့ကာကွယ်‌‌ရေး ဒရုန်းတပ်ဖွဲ့ (ဝလ)၊ Ayadaw Rock(LPDF)၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ BO BA TAW(LPDF)၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့-LPDF၊ HG FIGHTRs (LPDF)၊ YAUNG NI(LPDF) Shwebo Federal Army၊ ရွှေဘိုအားမာန် (UG)၊ EYE FOR EYE နှင့် ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency