ကျိုက်ထိုမြို့နယ်အတွင်း  စစ်ကောင်စီတပ် လာရောက် စစ်ဆေးနေသည့် ဦးကြာရိုးရထားသံလမ်း တံတားအား KRF က မိုင်းဆွဲတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၃)ဦးအထက် သေဆုံး

ကျိုက်ထိုမြို့နယ်အတွင်း  စစ်ကောင်စီတပ် လာရောက် စစ်ဆေးနေသည့် ဦးကြာရိုးရထားသံလမ်း တံတားအား KRF က မိုင်းဆွဲတိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၃)ဦးအထက် သေဆုံး
ဖေဖော်ဝါရီ 11, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နှင့် စွပ္ပနူးကြား စစ်ကောင်စီတပ်အသုံးပြုနေသည့် ဦးကြာရိုးရထားသံလမ်း တံတားပေါ်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်များကို ယနေ့ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၃)ဦးနှင့်အထက် သေကြောင်း Kyaikhto Revelation Force က သတင်းထုတ်ပြန်လာသည်။

ယင်းရထားသံလမ်းကို စစ်ကောင်စီတပ်က အသုံးပြုနေခြင်းဖြစ်ပြီး လာရောက်စစ်ဆေးချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Kyaikhto Revelation Force  အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဒါ့အပြင် စစ်ကောင်စီ၏ လက်ဝေခံ လက်ပါးစေများ၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီ ဒေါက်တိုင်များကို ‌တိုက်ခိုက်သွားမည်ဖြစ်ကြောင်းနှင့် လူထုအပေါ် ထိခိုက်နစ်နာပျက်စီးစေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများအား ပြုလုပ်ခြင်းမရှိကြောင်း ထုတ်ပြန်သည်။