ကျောက်တံခါးမြို့ နံဇကျေးရွာကို စစ်ကောင်စီတပ် စီးနင်းကာ နေအိမ် ၂၀ကျော် မီးရှို့ဖျက်ဆီး

ကျောက်တံခါးမြို့ နံဇကျေးရွာကို စစ်ကောင်စီတပ် စီးနင်းကာ နေအိမ် ၂၀ကျော် မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း ကျောက်တံခါးမြို့ နံဇကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ကာ နေအိမ်(၂၀)ကျော်ကို ဖျက်ဆီးပြီး ဒေသခံများ၏ ငွေများအား ယူဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခလရ(၂၆၄)၊ ပဲနွယ်ကုန်းရွှေဝါတပ်ရင်း ခမရ(၃၀၇)၊ ဖြူးအခြေစိုက် ခမရ(၃၀၈)မှ စစ်ကောင်စီတပ်သားများသည် အင်အား(၁၅၀)ဝန်းကျင်ဖြင့် အဆိုပါရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း KNLAတပ်မဟာ(၃)ထံမှ သိရသည်။

ထို့နောက် နံဇကျေးရွာရှိ ဒေသခံများထံမှ ငွေကျပ်(၃၈)သိန်း၊ ဖုန်း (၁၁)လုံးတို့ကို ယူဆောင်သွားပြီး PDFများ ရှိသည်ဟုဆိုကာ နေအိမ်အလုံး(၂၀) ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များ၏ နေ့စဥ်လက်နက်ကြီးနှင့် ပစ်ခတ်နေမှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာ(၃၇)ရွာမှ ဒေသခံ(၄၅၇၂)ဦး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : KNLA Brigade 3