စဉ့်ကူးမြိုနယ်ရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို မန္တလေး PDF သိမ်းပိုက် 

စဉ့်ကူးမြိုနယ်ရှိ စစ်ကောင်စီတပ်စခန်း ၆ ခုကို မန္တလေး PDF သိမ်းပိုက် 

မန္တလေးတိုင်း စဉ့်ကူးမြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၆)ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများရရှိကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် ထုတ်ပြန်သည်။

စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဒိုးနွယ်ရွာတပ်စခန်း ၊ နမ့်ဟပ်ရွာတပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနှင့် နွယ်ရုံရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားသည်ဟု ဆိုသည်။  

ထိုအပြင် စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြိုနယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် စဉ့်ကူးမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)