ကော့ကရိတ်တောင်ပိုင်း ကြာအင်းကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ  စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေ၍ နေအိမ်နှင့် ကားများ ပျက်စီး

Photo: Saw Nay Thar
Photo: Saw Nay Thar
ကော့ကရိတ်တောင်ပိုင်း ကြာအင်းကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ  စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်နေ၍ နေအိမ်နှင့် ကားများ ပျက်စီး

 ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်း၊ ကြာအင်းကုန်းကျေးရွာကို ၂၀၂၃ခုနှစ်၊ မေလ( ၂၇ )ရက်၊ နေ့လည်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က တစ်နေကုန်လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် နေအိမ်နှင့် ကားများ ပျက်စီးခဲ့ရကြောင်း သိရသည်။

ဒေသခံများနေထိုင်ရာ ကြာအင်းကုန်းကျေးရွာတွင်  တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ‌ စစ်ကောင်စီတပ်၏ လှိုင်ဝအမြောက်တပ်က လက်နက်ကြီး နှင့် တစ်နေကုန်ပစ်ခတ်နေခဲ့ခြင်းကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ကာ နေအိမ်နှင့် ကား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

လက်ရှိ၌ ကော့ကရိတ်နယ်တခွင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် နေ့ရော ညပါ ပစ်ခတ်နေသည်မှာ လအ တော်ကြာပြီဖြစ်ပြီး ဒေသခံတချို့မှာ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု သိရသည်။