မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၁) ထိပ် ဗုံးပေါက်ကွဲမှုဖြစ်ပွား

မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား(၁) ထိပ် ဗုံးပေါက်ကွဲမှုဖြစ်ပွား
ဧပြီ 23, 2022 | အခြားဒေသများ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ မြဝတီမြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားထိပ် မြန်မာဘက်တွင် ဗုံးပေါက်ကွဲမှု ယနေ့ ၂၀၂၂ခုနှစ် ဧပြီလ(၂၃)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။

"အပစ်အခတ်ကတော့ ရပ်သွားပြီး ဗုံးလာကြဲသွားတယ်လို့တော့ ပြောတယ်။ တံတားမှာ ရဲကင်းထားထားတော့ လာကြဲသွားတာ။  ဘေးနားက အိမ်တွေတော့ တော်တော်ထိသွားတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် တံတားထိပ် အနီးရှိ အဆောက်အဦးများပါ မီးလောင် ထိခိုက်မှုများ ဖြစ်ပွားကြောင်း နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ အတည်မပြုနိုင်သေးပေ။ 

#TachiileikNewsAgency

Photo: CJ