သာယာဝတီမြို့နယ်အတွင်း ကားပေါ် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီ လက်အောက်ခံများကို မိုင်းခွဲတိုက်ခိုက် ရဲ(၅)ဦး ဒဏ်ရာရ

သာယာဝတီမြို့နယ်အတွင်း ကားပေါ် ဆက်ကြေးကောက်ခံနေသည့် စစ်ကောင်စီ လက်အောက်ခံများကို မိုင်းခွဲတိုက်ခိုက် ရဲ(၅)ဦး ဒဏ်ရာရ

 

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်အတွင်း ရန်ကုန် - ပြည်ကားလမ်းပါ်တွင် ဆက်ကြေးကောက်ခံနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံရဲများကို ယနေ့ ဧပြီလ(၄)ရက်နေ့ ညနေပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့‌ကြောင်း သာယာဝတီခရိုင် PDF က သတင်းထုတ်ပြန်သည်။

ရန်ကုန် - ပြည် ကားလမ်းပေါ် သွားလာနေသည့် ကုန်တင်ယာဉ်များကို ဆက်ကြေးကောက်ခံနေသည့် ရဲတပ်ဖွဲ့ဝင်များအား သာယာဝတီခရိုင် PDF တပ်ရင်း၂ (တပ်ရင်း အမှတ် ၃၈၀၂) မှ တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရဲ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂) အနေဖြင့်  အာဏာသိမ်းစစ်‌ကောင်စီတပ်နှင့် ထောက်တိုင်များကို အရှိန်အဟုန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ၎င်းတို့နှင့် နီးစပ်သော နေရာများအား ရှောင်ရှားကြပါရန် မေတ္တာရပ်ခံထားသည်။