ပခုက္ကူမြို့ တပ်မလမ်းရှိ ရဲကင်းစခန်းကို မြို့ပြပျောက်ကြားတပ်ဖွဲ့များ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်

ပခုက္ကူမြို့ တပ်မလမ်းရှိ ရဲကင်းစခန်းကို မြို့ပြပျောက်ကြားတပ်ဖွဲ့များ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မလမ်းရှိ ရဲကင်းစခန်းအား ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့ ညနေပိုင်းတွင် မြို့ပြပျောက်ကြားတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များဘက်က ထိခိုက် သေဆုံးမှုရှိကြောင်း သိရသည်။

အဆိုပါ ရဲစခန်းကို Earthquake People's Defence Force - UG  နှင့် မဟာမိတ်အဖွဲ့များဖြစ်သော Defense Team Pakokku ၊ Young Force-UG  တို့ ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှု အပြီးတွင် ပူးပေါင်းအဖွဲ့များ‌ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ခိုက်မှုအခြေအနေအရ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။