KNLA ၏ တပ်မဟာ(၅)တပ်မြေတွင် မတ်လအတွင်း တိုက်ပွဲပေါင်း (၃၅၉)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် နှင့် BGF စုစုပေါင်း (၁၁၈)ဦး သေဆုံး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ (၅)နယ်မြေ၌ မတ်လတစ်လတာ ကာလအတွင်း တိုက်ပွဲများတွင် အာဏာသိမ်းစစ်‌ကောင်စီတပ်နှင့် BGF မှ တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူး တစ်ဦးအပါ အဝင် (၁၁၈)ဦးသေခဲ့ကြောင်း KNU က ဧပြီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မတ်လအတွင်း တိုက်ပွဲပေါင်း (၃၅၉)ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF တပ်သားများ(၁၁၈)ဉီးသေပြီး (၅၉)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နှင့်  အကြမ်းဖက်စစ်ကောင်စီ၏ စစ်သုံးယာဉ်(မော်တော်ကား) (၁၇)စီး၊ စစ်သုံးသာမန် မော်တော်ကား(၂)စီး၊ စစ်မြင်းလား(၂) ကောင်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများတွင် KNLA တပ်မဟာ(၅)မှ စစ်သည်(၁၀)ဉီး ကျဆုံးခဲ့ရပြီး (၂၈)ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရပ်ရွာအတွင်းနှင့် လယ်ယာ၊ ခြံမြေများအတွင်းသို့ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ(၁၈)ဉီး သေဆုံးခဲ့ရကာ (၁၀)ဉီး အပြင်း အထန်ဒဏ်ရာရရှိခဲ့သည်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်က ရပ်ရွာနှင့် လယ်ယာ၊ ခြံမြေများအတွင်းသို့ လက်နက်ကြီး(၄၇၄)လုံး ပစ်ခတ်ခဲ့ကာ လေယာဉ်ဖြင့် ဗုံး(၁၃)လုံး ကြဲချခဲ့ကြောင်း ထုတ်ပြန်သည်။