ဖားကန့်မြို့နယ်အတွင်း မဒဲယန်မှော်ပုံကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးဝင်ရှို့၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ

ဖားကန့်မြို့နယ်အတွင်း မဒဲယန်မှော်ပုံကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးဝင်ရှို့၍ ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရ
စက်တင်ဘာ 14, 2022 | အခြားဒေသများ

 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း မဒဲယန်မှော်ပုံကျေးရွာကို ယနေ့ စက်တင်ဘာလ (၁၄)ရက်နေ့ နံနက်(၅)နာရီခွဲအချိန်က အာဏာသိမ်းစစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့သွား ကြောင်း ဒေသခံများထံမှ သိရသည်။

မဒဲယန်မှော်ပုံကျေးရွာမှ ကုဋေဦးဆိုင်အား ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ပြီး ဆိုင်ရှင်ဖြစ်သူကို  ဖမ်းဆီးသွားကာ နေအိမ်ကိုလည်း မီးရှို့သွားခဲ့ကြောင်း သိရသည်။

နံနက်(၆)နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုပ်ခွါသွားကာ ရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်‌လည်း ဒေသခံများ ထိခိုက်မှုမရှိခဲ့ဟု သိရသည်။

လက်ရှိတွင် မဒဲယန်မှော်ပုံရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။