ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်း ၃၀ ကို KPDFက ဒရုန်းဖြင့်တိုက်ခိုက်

ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်း ၃၀ ကို KPDFက ဒရုန်းဖြင့်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ခံ ရဲတပ်ရင်း(၃၀)ကို KIA ပူးပေါင်း PDFတပ်ဖွဲ့က ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KPDF ထံမှ သိရသည်။

အဆိုပါရဲတပ်ဖွဲ့စခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိကြောင်း KPDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

“ဒရုန်းနဲ့ပစ်တာ (၅)ယောက်လောက်တော့ထိမယ်။ ဘယ်နှစ်ယောက်သေတယ်ဆိုတာကတော့ အတိအကျတော့ မသိရသေးဘူး။”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့ ည(၁၀)နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့် KPDF တပ်ရင်းများကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းနီတပ်ဖွဲ့(SNA)တို့ ပူးပေါင်းကာ ပျူစောထီးများအား သင်တန်းပေးနေသည်မှာလည်း အပတ်စဉ်(၂၀)ကျော်ရှိနေပြီဟုသိရသည်။

အဆိုပါပျူစောထီးများကို ဖားကန့်မြို့နယ် ကံစီးရွာနှင့် ဒညင်းကုန်းရွာတို့တွင် သင်တန်းပေးနေခြင်းဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် သင်တန်းသား(၃၀)ဝန်းကျင်ဖြင့် တစ်လကျော်ကြာ စစ်သင်တန်းပေးနေခြင်းဖြစ်သည်။

#TachileikNewsAgency