လယ်ဇင်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံ (၄)ဦးအား  သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ် သတ်ဖြတ်ပြီး (၅)ဦးကို ဖမ်းဆီးသွား

လယ်ဇင်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံ (၄)ဦးအား  သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ် သတ်ဖြတ်ပြီး (၅)ဦးကို ဖမ်းဆီးသွား
ဇန်နဝါရီ 18, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း လယ်ဇင်ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ဒေသခံ (၄)ဦးအား သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ် သတ်ဖြတ်ပြီး (၅)ဦးကို ဖမ်းဆီးခေါင်ဆောင်သွားကြောင်း  မုံရွာ-အမြန်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဇန်နဝါရီလ(၁၈)ရက်တွင် သတင်း ထုတ်ပြန်လာသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ ညနေပိုင်းက မုံရွာမြိုနယ်၊ လယ်ဇင်ကျေးရွာနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား(၂၀၀) ကျော်ဖြင့် ဝင်ရောက် စီးနင်းကာ ရမ်းသန်း ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဒေသခံ (၄)ဦးအား သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ် သတ်ဖြတ်ပြီး  (၅)ဦးကို အရှင်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဒါ့အပြင် တဲအိမ်နှစ်လုံး မီးရှို့ခံရသည့်အပြင်  ဘုန်းကြီးကျောင်း၌ အသုံးပြုသည့် ယာဥ်တစ်စီးကိုလည်း ခိုးယူသွားကြောင်း သိရသည်။