တောင်သာမြို့နယ်နှင့် ​မုံရွာမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက မိုင်းနှင့် ဒရုန်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

တောင်သာမြို့နယ်နှင့် ​မုံရွာမြို့နယ်တို့ရှိ စစ်ရေးပစ်မှတ်များအား တော်လှန်ရေးအင်အားစုများက မိုင်းနှင့် ဒရုန်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း စစ်ကားသုံးစီးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း TTA-People Defense Force က ၂၀၂၄ခုနှစ် သြဂုတ်လ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့မှ ရုံးစည်ကြီးရွာဘက်သို့ မောင်းနှင်လာသည့် စစ်ကား (၃)စီးအား ဇူလိုင်လ (၃၁)ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် စစ်ကားသုံးစီးအနက် အလယ်ကားအား ထိမှန်ခဲ့ပြီး၊ ကားအပျက်အား ရုံးစည်ကြီးရွာဘက်သို့ လာရောက်ဆွဲယူသွားကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုတချို့ရှိခဲ့ကြောင်း TTA-People Defense Force က ဆိုသည်။

ထို့အပြင် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုပျူရွာရှိ ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း Urban Hunter Force - UHF ထံမှ သိရသည်။

မုံရွာမြို့နယ် တောပုပျူရွာရှိ ပျူစောထီးများအား သြဂုတ်လ (၃)ရက်နေ့ မနက် (၁၀)နာရီခွဲတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ Shar Htoo WAW နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneဖြင့် 1.5kg AIR BOMB (၅)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ပျူစောထီးနေအိမ်များ ပျက်စီးခဲ့ပြီး၊ ပျူစောထီးများ၏ အထိခိုက်အကျဆုံးကို စုံစမ်းဆဲဖြစ်ကြောင်း Urban Hunter Force - UHF က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား Urban Hunter Force - UHF နှင့် Monywa Revolution Force - MRF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency