ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စခန်းကို PDF တပ်များ ဝင်တိုက် 

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော စခန်းကို PDF တပ်များ ဝင်တိုက် 
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

 ပဲခူးတိုင်းအနောက်ဘက်၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စုအတွက်ူ ပေါ်လံကြီးကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် အင်အား(၃၀)ကျော်ရှိသည့် စစ်ကောင်စီတပ်၏  စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးသေဆုံးပြီး (၄)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပေါက်ခေါင်းဘက်သို့ ၎င်းတို့နှင့်အတူ ပူးပေါင်း၍ သစ်ခိုးထုတ်နေသော သစ်တင်ဖောကားဖြင့် သယ်ဆောင်သွားသည်ဟု လည်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊  ပြည်ခရိုင်တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ ၅ (တောဘုရင်အဖွဲ့) နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄  (TPDF အဖွဲ့)တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။