စစ်ကိုင်းမြို့ရှိ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် 

စစ်ကိုင်းမြို့ရှိ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် 

စစ်ကိုင်းတိုင်း စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့ရှိ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း Phoenix-Sagaing အဖွဲ့မှ ၂၀၂၄ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းမြို့ရှိ အမှတ် (၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၂၅)ရက်နေ့တွင် ဒရုန်းများဖြင့် ဗုံးသီးကြဲချတိုက်ခဲ့ရာ ရဲသင်တန်းကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး ရဲတပ်သားများ ထိခိုက်မှုနှင့် သေဆုံးမှုများရှိခဲ့ကြောင်း Phoenix-Sagaing အဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် သင်တန်းကျောင်းမှ ရဲများက လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Phoenix–Sagaing၊ MMU(PDF)၊ PKDF(MMU)၊ GTR(MMU)၊ Royal Falcon Guerrilla Force၊ Unicorn Guerrilla Force၊ စစ်ကိုင်းမြို့နယ် (ပကဖ)၊ စစ်ကိုင်းခရိုင်(ပကဖ) ဒရုန်းတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း ဒရုန်းတပ်ဖွဲ့ ၊ အမှတ်(၁)စစ်ဒေသ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ ၊ တောတွင်းတွတ်ပီ(LPDF)၊ ကြောင်လက်သည်း(ဝက်လက်)နှင့် နယ်မြေခံ (ပကဖ)များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency