စစ်ကောင်စီတပ်သား ၃ ဦး ဖယ်ခုံ PDF ထံ လက်နက်နှင့်အတူခိုလှုံ

စစ်ကောင်စီတပ်သား ၃ ဦး ဖယ်ခုံ PDF ထံ လက်နက်နှင့်အတူခိုလှုံ

စစ်ကောင်စီ၏ မိုးဗြဲအခြေစိုက် ခမရ(၄၂၂)တပ်တွင် တာဝန်ကျနေသော ခမရ(၅၁၈)တပ်ရင်းမှ တပ်သား(၃)ဦးသည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ဖယ်ခုံ PDF(၁၀၀၆ တပ်ရင်း)ထံ ခိုလှုံလာသည်ဟု သိရသည်။

အဆိုပါ တပ်သား(၃)ဦးသည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီးတာဝန်ပေးခံရပြီး စစ်တပ်မှ ပြည်သူလူထုအပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် MA-1 တစ်လက်၊ MA-3 နှစ်လက်၊ ကျည် (၁၂၀)တောင့်တို့နှင့်အတူ ခိုလှုံလာသည်ဟု ဖယ်ခုံ PDF(၁၀၀၆ တပ်ရင်း)က ထုတ်ပြန်သည်။

၎င်းတို့ကို ၁၀၀၆ တပ်ရင်းမှ နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေများချီးမြှင့်ကာ ဘေးကင်းလုံခြုံစွာထားရှိသည်ဟု ဆိုသည်။

အမျိုးသားညီညွှတ်ရေးအစိုးရမှလည်း အဆိုပါ ခိုလှုံလာသည့် တပ်သားများကို ပြည်သူ့သူရဲကောင်းများအဖြစ် အသိအမှတ်ပြု၍ ထိုက်သင့်သော အထောက်အပံ့များ ပံ့ပိုးပေးနိုင်ရန် လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Battalion 1006 Pekhon People's Defence Force-2