မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီဗုံးကြဲ ကလေး ၈ ဦးအပါအဝင် ၁၁ ဦးသေဆုံး 

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီဗုံးကြဲ ကလေး ၈ ဦးအပါအဝင် ၁၁ ဦးသေဆုံး 
နိုဝင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၈)ဦးအပါအဝင် (၁၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါရွာသည် ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်မှ မိုင်(၄၀) အကွာတွင်ရှိကာ အိမ်ခြေ(၈၀)ဝန်းကျင်ရှိပြီး တိုက်ပွဲတစ်ကြိမ်မှ မဖြစ်ဖူးသည့် ရွာဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၅)နှစ်အရွယ် ကလေးငယ်အပါအဝင် (၄)ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ဝေလူးကျေးရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးမှ ဆင့်ပွားဗုံးဖြင့် ဗုံးကြဲချပြီးနာက် ကျန်လေယာဉ်တစ်စီးက စက်သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် (၂၂)လုံး၊ BCM ဘုရားကျောင်းတစ်ဆောင်နှင့် စာသင်ဆောင်(၂)ခု မီးလောင်ပျက်စီးခဲ့ရကြောင်း NUGက ယနေ့ နိုဝင်ဘာလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : National Unity Government of Myanmar