ပေါက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ ကာကွယ်ရေးတပ်ကဝင်ပစ် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ပေါက်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ ကာကွယ်ရေးတပ်ကဝင်ပစ် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ
အောက်တိုဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပေါက်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများရှိကြောင်း သတင်းရရှိသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းတချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပကဖထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများရှိသည့် နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်သည့် နေအိမ်မှ သေနတ်ကာဘိုင်တစ်လက်၊ ကျည်ဘောက် တစ်ခု၊ ကျည် (၂၀)တောင့်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။  

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကျည်လိုအပ်ချက်များကြောင့် ဆက်လက်မတိုက်ခိုက်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ပြီး တိုက်ခိုက်မှုကို ပေါက်အခြေပြု တော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေတပ်ဖွဲ့နှင့် မြိုင်ပကဖ ရင်း (၁)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : မြိုင်-ပကဖ