ရွှေပြည်သာမြို့နယ် လှော်ကားရဲစခန်းအား မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရွှေပြည်သာမြို့နယ် လှော်ကားရဲစခန်းအား မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လှော်ကားရဲစခန်းအား မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Yangon UG People Army အဖွဲ့ထံမှ သိရသည်။

ရွှေပြည်သာမြို့နယ် လှော်ကားရဲစခန်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့ ည (၇) နာရီ (၁၄) မိနစ်ဝန်းကျင်တွင် ရန်ကုန်မြို့ပြပြောက်ကျား ပူးပေါင်းအဖွဲ့မှ လက်ပစ်ဗုံး ( ၂ ) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Yangon UG People Army အဖွဲ့မှ တာဝန်ရှိသူတဦးက Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် မြို့ပြပြောက်ကျားပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ရန်ကုန်မြို့အတွင်း မြို့ပြမစ်ရှင်များကို အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် နေရာများကို ရှောင်ရှားသွားလာကြပါရန် Yangon UG People Army ( YUPA ) အဖွဲ့မှ အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်မှုအား Yangon UG People Army ( YUPA ) နှင့် မဟာမိတ်ညီနောင်ဖြစ်သည့် Operation Flame ( OF ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)