တာဝတိံသာ စေတီတော် ၏ အတက်အဆင်း လှေကားဆောင်းတန်း မိုးမရွာ လေမတိုက်ဘဲ ပြိုကျ ပျက်စီး

တာဝတိံသာ စေတီတော် ၏ အတက်အဆင်း လှေကားဆောင်းတန်း မိုးမရွာ လေမတိုက်ဘဲ ပြိုကျ ပျက်စီး
ဧပြီ 29, 2022 | အခြားဒေသများ

 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်စင်္ကြာစေတီတော်ဝန်းအတွင်းရှိ တာဝတိံသာ ဆုတောင်းပြည့်စေတီတော် အတက်အဆင်း လှေကားဆောင်းတန်းသည်  မိုးမရွာလေမတိုက်ဘဲ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဧပြီလ(၂၉)ရက်နေ့တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ လှေကားဆောင်းတန်းသည် နှစ်(၅၀)ဝန်းကျင် ကြာမြင့်နေပြီး ခံနိုင်ရည်အားနည်းကာ မိုးမရွာ လေမတိုက်ဘဲ ပေ(၆၀)အရှည်ခန့် ပြိုကျ ပျက်ဆီးခဲ့ကြောင်း ဘိုကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားခြင်းကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နှင့် ပြန်လည်ပြင်ဆင် တည်ဆောက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။