ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ကိုယ်၀န်ဆောင်တစ်ဦး ဒဏ်ရာရ

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ကိုယ်၀န်ဆောင်တစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာမြို့ စစ်ကောင်စီတပ်စွဲထားသည့် Ocean Center အနီးမှ ပစ်ခက်လိုက်သော လက်နက်ကြီးကျည် ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသို့ ကျရောက်ပေါက်ကွဲကာ ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း သိရသည်။ 

၂၀၂၄ ခုနှစ် သြဂုတ်လ (၁၄)ရက်နေ့က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကူးတို့ကုန်းရွာနေ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

"မနေ့က နေ့လယ်(၂)နာရီကျော်လောက်မှာဖြစ်တာ။ (၄)လုံးပစ်တာ (၂)လုံးက ပလောင်ရွာထဲကိုကျပြီး ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသလို အိမ်ဝန်းတွေထဲကျလို့ ဆိတ်တွေ သိုးတွေလည်းသေတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြစ်အနောက်ဘက်ကျေးရွာများအား မကြာခဏ လက်နက်ကြီးနှင့် ပစ်ခတ်ကြောင်း သိရသည်။

#TachileikNewsAgency