မဲပလီပျူဟာကုန်းစခန်းမှ စစ်သုံ့ပန်း (၂၇) ဦးကို လက်နက်ကြီးများနှင့်အတူ ဖမ်းဆီးရမိ

Photo: White Dragon -P29904
Photo: White Dragon -P29904
မဲပလီပျူဟာကုန်းစခန်းမှ စစ်သုံ့ပန်း (၂၇) ဦးကို လက်နက်ကြီးများနှင့်အတူ ဖမ်းဆီးရမိ

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ မဲပလီဗျူဟာစခန်းကုန်းကို သိမ်းပိုက်ရာ စစ်သုံ့ပန်း (၂၇)ဦးဖမ်းဆီးရမိပြီး (၁၂၀)မမ ဟောင်ဝှစ်ဇာလက်နက်ကြီးအပြင် ပွိုင့်ဖိုက်နှင့် လက်နက်ခဲယမ်းများစွာ သိမ်း ဆည်းရရှိသည်ဟု နဂါးဖြူစစ်ကြောင်းထံမှ သိရသည်။

စစ်ရေးအရ အချက်အချာကြသော မဲပလီ(မယ်ပရေးခီး)ဗျူဟာစခန်းကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံ နက်(၉)နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက်(၁၀)နာရီခွဲတွင် သိမ်းပိုက်ရရှိသည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူ (၅)ကြိမ်ပေးခဲ့ပြီး နတ်ကြီးတပ်စခန်းမှလည်း လက်နက်ကြီးပစ်ကူ (၁၁)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စခန်းသိမ်းပိုက်ရာ စစ်ကောင်စီသား (၄၀)ဦးထက်မနည်း သေပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း (၂၇)ဦးကို  ဖမ်းဆည်းရမိကာ တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်မှ ရဲဘော်(၄)ဦးကျဆုံးသည်ဟု သိရသည်။

ထို့အပြင် ဗျူဟာမှူး အပါအဝင် အင်အား(၂၀)ခန့်ထွက်ပြေးနေ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လိုက်လံတိုက် ခိုက်နေသည်ဟုလည်း သိရသည်။

စခန်းသိမ်းတိုက်ခိုက်မှုကို KLNA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းအဖွဲ့၊ နဂါးဖြူစစ်ကြောင်း PDF ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရသည်။