ဟုမ္မလင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို PDF တပ်များသိမ်းပိုက်

ဟုမ္မလင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို PDF တပ်များသိမ်းပိုက်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် SNA တပ်စခန်း(၃)ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာနှင့် လွှစင်ကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ (SNA) တပ်တို့၏ နောင်ပိုအောင်စခန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း တပ်စခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကြောင်း (၃)ကြောင်းခွဲကာ (၈)နာရီကြာ တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်းတွင် HPDF-124မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ခရိုင်တပ်ရင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း HPDF-124 တပ်ဖွဲ့က ယနေ့ စက်တင်ဘာလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စခန်းအား ထိန်းသိမ်းထားနိုင်ရန် ပြင်ဆင်သော်လည်း စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်လာသဖြင့် တပ်ပြန်ဆုတ်ခဲ့ရသည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF-124၊ HPDF-မိုးကြိုး မဟာမိတ် တပ်ဖွဲ့ (၃)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency