မန္တလေး PDF ၏ အမည်ကို အသုံးချပြီး  ငွေကြေးလိမ်လည် တောင်းခံမှုများကို မန္တလေး PDF က စုံစမ်းဖေါ်ထုတ် အရေးယူမည်

မန္တလေး PDF ၏ အမည်ကို အသုံးချပြီး  ငွေကြေးလိမ်လည် တောင်းခံမှုများကို မန္တလေး PDF က စုံစမ်းဖေါ်ထုတ် အရေးယူမည်
ဖေဖော်ဝါရီ 28, 2022 | အခြားဒေသများ

မန္တလေး PDF ၏ အမည်ကို အသုံးချပြီး  ငွေကြေးလိမ်လည်တောင်းခံမှုများကို စုံစမ်းဖေါ်ထုတ် အရေးယူမည်

မန္တလေး PDF အမည်၊ တံဆိပ်များကိုသုံး၍ စာရွက်စာတမ်းအတုများဖြင့် ဝင်ငွေခွန်ဟု ခေါင်းစဉ်တပ်ကာ ငွေကြေးတောင်းခံမှုများမှာ လိမ်လည်တောင်းခံနေခြင်းဖြစ်ကြောင်း မန္တလေး PDF က ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

မန္တလေး PDF အနေဖြင့် မည်သည့် ပြည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းကိုမှ ယင်းကဲ့သို့ ငွေကြေးတောင်းခံခြင်း မရှိကြောင်း အသိပေးထားသည်။

ယင်းကဲ့သို့ အဖွဲ့အစည်း အမည်ကို အလွဲသုံးစားလုပ်၍ စာရွက်စာတမ်း အတုများဖြင့် ငွေကြေးတောင်းခံနေသူများကို စုံစမ်းအရေးယူသွားမည်ဟုလည်း သတိပေးထားသည်ကို တွေ့ရသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထူထောင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့(PDF)များ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ အခြား ဒေသဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့(LDF)များ ၊ မြေပြင်ပြောက်ကျား အင်အားစု (STF)များ အနေဖြင့် လိုက်နာရမည့် ကျင့်ဝတ် ၊ စည်းကမ်းများတွင် ကာကွယ်ရန် ရန်ပုံငွေအလို့ငှာ ဆက်ကြေးကောက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခံခြင်းများကို လုံးဝမပြုလုပ်ရန်လည်း ပါဝင်သည်ကို တွေ့ရသည်။