KNU တပ်မဟာ (၅) နယ်မြေတွင် တစ်လတာအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး အရပ်သား ၅ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ

KNU တပ်မဟာ (၅) နယ်မြေတွင် တစ်လတာအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး အရပ်သား ၅ ဦးသေဆုံး၊ ၁၈ ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 2, 2022 | အခြားဒေသများ

KNU တပ်မဟာ (၅) နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) လအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏လက်အောက်ခံ BGF အဖွဲ့တို့ဖြင့် တိုက်ပွဲပေါင်း (၃၂၂) ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အရပ်သားပြည်သူ (၅) ဦးသေဆုံးကာ၊ (၁၈) ဦး ဒဏ်ရာရသွားကြောင်း KNU မူတြော်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

တပ်မဟာ (၅) နယ်မြေအတွင်းကို တစ်လတာအတွင်း အာဏာသိမ်းစစ်တပ်က ဗုံးကြဲလေယာဉ်ဖြင့် ဗုံးဆံ (၁၄)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် အရပ်သားနေရာများကို လက်နက်ကြီးအလုံးပေါင်း (၁၈၂)လုံး ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲပေါင်း (၃၀၀)ကျော်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၂) ဦး၊ တပ်ခွဲမှူး (၁)ဦး၊ ဒုခွဲမှူး (၁) ဦးနှင့် ဒု စုမှူး(ဒု တပ်ကြပ်) (၁)ဦးတို့အပါအဝင် (၂၀၁)ဦး  ဒဏ်ရာရသွားကြပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် (၁၉၄)ဦး သေဆုံးကာ လမ်းဖေါက်လုပ်ရေးကားတစ်စီးအပါအဝင် စစ်ကားအစီးရေ (၂၀)၊ လက်နက်ခဲယမ်းသယ်သည့် မြင်းလား (၄) ကောင်တို့ကို ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။