သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်

သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်

 သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို   တော်လှန်ရေးတပ်ဖွဲ့များက (၃)ကြိမ်ထက် မနည်း ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၆)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို ထားဝယ်ခရိုင်တပ်ပေါင်းစု နှင့် ထားဝယ်ခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး (၃)ကြိမ်ထက် မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၆)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

ထားဝယ်ခရိုင်တပ်ပေါင်းစု