လားရှိုးမြို့ကို စစ်ကောင်စီထပ်မံဗုံးကြဲ

လားရှိုးမြို့ကို စစ်ကောင်စီထပ်မံဗုံးကြဲ
စက်တင်ဘာ 25, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။ 

လားရှိုးမြို့ ရပ်ကွက် (၁၂) AD တံတားအနီးနှင့် နည်းပညာအထက်တန်းကျောင်းအနီးသို့ ဗုံး (၃)လုံး ကြဲချသွားခြင်းဖြစ်သည်။

လူနေအိမ်အချို့ထိခိုက်ပျက်စီးမှုရှိပြီး လူထိခိုက် သေဆုံးဒဏ်ရာရရှိကိုမူ မသိရသေးပါ။ 

"ရပ်ကွက် (၁၂) နည်းပညာအထက်တန်းကျောင်း တစ်လုံးကျတယ်။ ကျောင်းအဆောက်အဦးအချို့ ပျက်စီးတယ်။ AD တပ်ဦး ကျောင်းဝင်းထဲ (၂)လုံးကျတယ်။ အပျက်အစီးမရှိဘူး။ လူအထိအခိုက်မရှိဘူးလို့တော့ သိရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စက်တင်ဘာလ (၂၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် လားရှိုးမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လူတစ်ဦးသေဆုံးပြီး ဒဏ်ရာရ သူများလည်းရှိကာ ဟိုတယ်နှင့် နေအိမ်များ ပျက်စီးခဲ့ရသည်။

#TachileikNewsAgency