ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 

ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး 
ဇူလိုင် 2, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရကြောင်း TNLA ထံမှ သိရသည်။ 

၂၀၂၄ခုနှစ် ဇူလိုင်လ (၁)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် (၈)အတွင်းကျပြီး အမျိုးသား (၂)ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသည်ဟု သိရသည်။  

ထို့အပြင် သီပေါမြို့စံဖိတ်ကွက်သစ်အတွင်းသို့လည်း ည(၆)နာရီခွဲအချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၃)ဦး ထိမှန်ဒဏ်ရာရရှိသည်ဟု သိရသည်။

တိုက်ပွဲ (၆)ရက်တာကာလအတွင်း စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးအပါအဝင် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အရပ်သား (၂၅)ဦး သေဆုံးပြီး (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၅၀)နီးပါး ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News