မုံးစီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

မုံးစီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးရွာ ရေပူစမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရရှိကြောင်း TNLA က ယနေ့ အောက်တိုဘာလ (၁၁)ရက်နေ့တွင် ထုတ်ပြန်သည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၁ဝ)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချခဲ့ရာ အဆောက်အဦးတချို့ ပျက်စီးသွားသည်ဟု သိရသည်။

၎င်းနေရာသည် မုံးစီးရွာနှင့် တာမိုးညဲမြို့နယ်ရှိ ပြည်သူများ၏ အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူလူထုကို ဦးတည်ကာ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၇)ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်း ပေါင်(၅၀၀)ဗုံး (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သြဂုတ်လ (၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့အား တစ်ရက်အတွင်း (၄)ကြိမ် လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့ဒေသခံ(၆)ဦး သေဆုံးခဲ့ရပြီး (၁၀)ဦး ဒဏ်ရာရရှိကာ ကွတ်ခိုင်မြို့မဈေးလည်း မီးလောင်သွားသဖြင့် ဆိုင်ခန်းပေါင်း (၄၀၁)ခန်း ဆုံးရှုံးခဲ့ရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News