ရွှေပြည်သာမြို့နယ်ရဲစခန်း နှင့် မြို့နယ်ခန်းမကို တော်လှန်ရေးအဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ်

ရွှေပြည်သာမြို့နယ်ရဲစခန်း နှင့် မြို့နယ်ခန်းမကို တော်လှန်ရေးအဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရဲစခန်းနှင့် မြို့နယ်ခန်းမရှိ စစ်ကောင်စီယာဉ်များကို ၄၀ မမ ဖြင့်  မတ်လ(၁၉)ရက်နေ့ ည(၇) နာရီက ပစ်ခတ်ခဲ့ကြောင်း People Forceက သတင်းထုတ်ပြန်လာသည်။

၎င်းတိုက်ခိုက်မှုကို People Force နှင့် Spring Brother Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းကို ၄၀ မမတစ်လုံးဖြင့် အယောင်ပြ ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ဖြစ်သည့် မြို့နယ်ခန်းမကို ၄၀ မမ နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ခန်းမမှာလည်း ပေါက်ကွဲတယ်လို့လည်း ပြောကြတယ်။ ပေါက်ကွဲသံထွက်ပေါ်ပြီး ခန်းမထဲမှာ အသင့်ရှိနေတဲ့ စစ်သားတွေကသေနတ်နဲ့ လှမ်းပစ်တယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဗျူဟာကျကျ စစ်ဆင်ရေးများကို ရန်ကုန်မြို့တွင် အထူး လေ့ကျင့်ထားသော မြို့ပြပျောက်ကျားများက အရှိန်မြှင့်‌လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။