ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ် ကျိုက်ထို-ဘီးလင်း လမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ပွားသည်ဟု တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။
၂၀၂၅ခုနှစ် မတ်လ(၆)ရက်နေ့က ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ် ကျိုက်ထိုမှ ဘီးလင်းသို့ မောင်းနှင်လာသော စစ်ကောင်စီ၏ (၅)စီးပါယာဉ်တန်းကို အလူးလေးကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်သည်ဟု ဆိုသည်။
နှစ်ဖက်တပ်ဖွဲ့အကြား (၁)နာရီခွဲခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး (၂)ဦး ဒဏ်ရာရသည်ဟု သိရသည်။
စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းစစ်ဒေသ နဂါးဖြူစစ်ကြောင်း (P29904)၊ ဗျူဟာ (၂၇)တပ်ရင်း-၇၈၀၅ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#TachileikNewsAgency