ရေဦးမြို့ ကြာဖူးဝိုင်းစစ်ဆေးရေးဂိတ်ကို ‌တော်လှန်ရေးတပ်က ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်

ရေဦးမြို့ ကြာဖူးဝိုင်းစစ်ဆေးရေးဂိတ်ကို ‌တော်လှန်ရေးတပ်က ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရေဦးမြို့  ကြာဖူးဝိုင်းစစ်ဆေးရေးဂိတ်မှ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အား ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Freedom Revolution Force အဖွဲ့ထံမှ သိရသည်။

ရေဦးမြို့ ကြာဖူးဝိုင်းစစ်ဆေးရေးဂိတ်မှ ခမရ (၈၉) ၊ ခမရ (၃၆၈) နှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား (၂၀) ဦးခန့်အား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့ ညနေ (၂) နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၄၀ မမ (၈)လုံးဖြင့် ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေနှင့် ပက်သက်ပြီး ဆက်လက်စုံစမ်းနေကြောင်း Freedom Revolution Force အဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Freedom Revolution Force (FRF) အထူးလှုပ်ရှားတပ်ခွဲ (၂) နှင့် Wolf Guerrilla အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency