မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများအား ရော့ကတ်နှင့် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်

မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများအား ရော့ကတ်နှင့် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ စစ်သင်္ဘောပါဝင်သည့် သင်္ဘောများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရော့ကတ်များနှင့် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း KLG–PDF ကျောက်လုံးကြီး အဖွဲ့ထံမှ သိရသည်။

မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်ကောင်စီ စစ်သင်္ဘောပါ စုစုပေါင်း သင်္ဘော (၁၇)စီးအား ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးတစ်နေရာတွင် ၂၀၂၄ခုနှစ် သြဂုတ်လ (၁)ရက်နေ့ ညနေ (၃)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ RPG (7) နှင့် စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသင်္ဘောများ ကနီမြို့သို့ ကမ်းကပ်နေချိန်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရော့ကတ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် မြစ်တွင်းသွားစစ်သင်္ဘောနှင့် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၄)၊ နမခ လက်အောက်ခံ ထပရ (၉၂၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးများရှိနိုင်ကြောင်း KLG–PDF ကျောက်လုံးကြီး အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုများအား ဗျူဟာ(၄၅) KLG PDF (ကျောက်လုံးကြီး)အဖွဲ့နှင့် Chindwin Rocket Brother-CRBတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency