ဝက်လက်မှ ရွှေဘိုသို့လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက်

ဝက်လက်မှ ရွှေဘိုသို့လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ လှတောကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စိုင်နိုင်ကွေ့မှတဆင့် ရွှေဘိုမြို့ဘက်သို့ပြန်အလာ ဇီးတောကျေးရွာနှင့် ရွာသစ်ကျေးရွာအနီး၌ ၎င်းစစ်ကောင်စီတပ်ကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး (၁၅)ဦးခန့် ဒဏ်ရာရကြောင်း  SNAKE EYES - PDFက ယနေ့ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

အဆိုပါ တိုက်ခိုက်မှုကို Snake Eyes PDF(B4/C3) Shwebo Federal Army(SBFA)၊  War Lord Defence Force(B4/C2)၊ Guardian Force PDF(B4/C1)တို့က ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency