မြန်မာပြည်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသော ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ထောက်ပံ့ကြေးကူညီမည့် အစီအစဉ်အတွက် လျှောက်ထားနိုင်ကြောင်း New Myanmar Foundation က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့က ထုတ်ပြန်သည်၊
ထောက်ပံ့ကြေးအစီအစဉ်အား ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ (၆)လကြာ လစဉ်ထောက်ပံ့သွားမည်ဖြစ်ပြီး တစ်လလျှင် မြန်မာငွေ ကျပ်(၁)သိန်းဝန်းကျင်ခန့် ထောက်ပံ့ပေးသွားမည်ဖြစ်သည်ဟု သိရသည်။
ထောက်ပံ့ကြေးလျှောက်လွှာများအား လျှောက်လွှာဖောင်ကြေညာသည့် အောက်တိုဘာလ (၂၈)ရက်နေ့မှစတင်၍ လက်ခံသွားမည်ဖြစ်ပြီး လျှောက်ထားသူဦးရေ (၅၀၀)ဦးအထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာပြည်တွင်းရှိ စစ်တပ်အုပ်ချုပ်မှုဒေသအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရသော ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ပါဝင်လျှောက်ထားနိုင်သည်ဟု သိရသည်။
ထောက်ပံ့ကြေးအစီအစဉ်နှင့် လျှောက်လွှာတင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက် များကို New Myanmar Foundation မှ ပြည်တွင်းအရေးပေါ်ကူညီထောက်ပံ့ခြင်းဆိုင်ရာတာဝန်ခံအား ရုံးချိန်အတွင်းဖြစ်သည့် တနင်္လာမှ သောကြာ မြန်မာစံတော်ချိန် နံနက် (၈)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ ဆက်သွယ်မေးမြန်းနိုင်သည်ဟု သိရသည်။
ထောက်ပံ့ကြေးလျှောက်ထားလိုသူများအနေဖြင့် https://forms.gle/dvbpqqSoYpaYxAc99 ကို ဝင်ရောက်လျှောက်ထားနိုင်ပြီး ဖုန်းနံပတ် +66635322376၊ Telegram နံပါတ် +66635322376 နှင့် အီးမေးလ် officernmfhrd@gmail.com တို့ထံဆက်သွယ်နိုင်ကြောင်း သိရသည်။
#TachileikNewsAgency