မှော်ဘီလေတပ်အတွင်း ဝင်ရောက်ပြီး People's Force က ဗုံးခွဲတိုက်ခိုက်

မှော်ဘီလေတပ်အတွင်း ဝင်ရောက်ပြီး People's Force က ဗုံးခွဲတိုက်ခိုက်
ဖေဖော်ဝါရီ 19, 2022 | အခြားဒေသများ

ပြည်သူ့ကာကွယ်ရေးတပ်များကို ဗုံးကြဲတိုက်ခိုက်နေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်၏ ရန်ကုန်မြောက်ပိုင်းခရိုင်မှော်ဘီမြို့နယ်မှ လေတပ်စခန်းအတွင်း ဝင်ရောက်ကာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း People's Force က ယနေ့ဖေဖော်ဝါရီလ(၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မှော်ဘီမြို့နယ်၊ စစ်ကောင်စီ၏ ‌လေတပ်ဌာနချုပ်အတွင်း ဂျက်လေယာဉ်များထားရှိသည့်နေရာသို့ People's Force တပ်သားများက ဖေဖော်ဝါရီလ(၁၈)ရက်နေ့ ည(၁၁:၄၀)နာရီဝန်းကျင်က ဝင်ရောက်ကာ လေယာဉ်ကို ဗုံးများဆင်ပြီး အဝေးထိန်းခလုတ်ဖြင့် ‌ဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်သည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် စုံစမ်းဆဲဖြစ်သည်။

People's Force သည် ဖေဖော်ဝါရီလ(၁)ရက်ကလည်း ဒေါပုံမြို့နယ်၊ အောင်မေတ္တာလမ်းရှိ Mytel တာဝါတိုင်စောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား(၄)ဦးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

ဒါ့အပြင် ရွှေပြည်သာမြို့နယ်၊ လှော်ကား တာဆုံအကျော် လှော်ကားကျေးရွာ ရဲတပ်ရင်း(၁) ရဲသင်တန်းကျောင်းနှင့် စစ်အုပ်စု၏ စီးပွားရေးလုပ်ငန်းဖြစ်သည့် ဒဂုံဘီယာကုမ္ပဏီတို့ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။