ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီး အပါအဝင် (၃)ဦး လက်နက်နှင့်အတူ  အလင်းဝင်

ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီး အပါအဝင် (၃)ဦး လက်နက်နှင့်အတူ  အလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသည် ချင်းအမျိုးသားအဖွဲ့ချုပ် Chin National Organization ထံ လက်နက်များနှင့်အတူ အလင်းဝင်ကြောင်း သိရသည်။ 

ဖလမ်းမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးသည် မေလ (၃၁) ရက်နေ့တွင် လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူ ရဲတပ်ကြပ်ကြီးတစ်ဦးနှင့် ရဲတပ်သား (၂)ဦးတို့သည် ၎င်းတို့နှင့်အတူ G3 သေနတ်တစ်လက်၊ H. Gernades လက်ပစ်ဗုံး ၆ လုံး၊ 7.62 ကျည်ဆံ ၂၉၀ တောင့်နှင့် ကျည်ဘောက် ၃ ခုတို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလင်းဝင်ရောက်လာသူများကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားပြီး ၎င်းတို့ သုံးဦးသည် ယခုနှစ်၂၀၂၄ ခုနှစ်အတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNO/CNDF ထံ ပထမဆုံးအလင်းဝင်ရောက်လာသူများဖြစ်သည်။

#TachileikNewsAgency