မင်းကင်းတွင် ဖမ်းဆီးရမိသည့် ပျူစောထီးများကို ဥပဒေနှင့်အညီ စစ်ဆေးနေ 

မင်းကင်းတွင် ဖမ်းဆီးရမိသည့် ပျူစောထီးများကို ဥပဒေနှင့်အညီ စစ်ဆေးနေ 

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အင်္ကြင်းတောင်ရွာမှ ဖမ်းဆီးရမိသည့် ပျူစောထီးများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း၍ စစ်ဆေးနေဆဲဖြစ်ကြောင်း Student's Revolutionary Force (S.R.F)ထံမှ သိရသည်။

၎င်းပျူစောထီးစခန်းကို ဒေသကာကွယ်ရေးတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက် (၄)နာရီခွဲတွင် ဝင်ရောက်စီးနင်းခဲ့ရာ ပျူ‌စောထီး(၅)ဦးဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

"မိတာက(၅)ယောက်ပါ။ တစ်ယောက်က ကင်းစောင့်သဘောမျိုးမလို့ ပြန်လွတ်လိုက်တယ်။ စစ်ရာဇာဝတ်မှုကျူးလွန်မှုမရှိလို့ ပြန်လွတ်လိုက်တာပါ။"ဟု Student's Revolutionary Force (S.R.F)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

၎င်းစခန်းအား Student's Revolutionary Force (S.R.F)က ဝင်ရောက်စီးနင်းရာ တိုက်ပွဲမှာ (၂)နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းတွင် ပျူစောထီး (၃)ဦးသေဆုံးပြီး (၅)ဦးအရှင်ဖမ်းမိခဲ့ကာ ပျူစောထီးအများအပြား ထွက်ပြေးသွားသည်ဟု သိရသည်။ 

တိုက်ပွဲအတွင်းမှ Carbine M-2သေနတ် (၁)လက်၊ ၄.၈ ပြောင်းချောသေနတ် (၂)လက်၊ က.ပ.စ ထုတ် ကြည်ထိုး (၁)လက်၊ တူမီး (၂)လက်၊ ၄.၈ ကျည် (၆၃)တောင့်၊ ၀.၃၀ ကျည် (၁၁၄)တောင့်နှင့်အတူ ဖုန်း (၃)လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု Student's Revolutionary Force(S.R.F)က ယနေ့ ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

#TachileikNewsAgency