စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ငါးတင်းကြီးကျေးရွာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်နေ့ နံနက် (၉)နာရီ မိနစ် (၂၀)အချိန်က အာဏာသိမ်းစစ်တပ်က ကျေးရွာတွင်း နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
ယင်းအပြင် ကျေးရွာတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်သံများကြားနေရသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာမှာ အိမ်ခြေ ထောင်ဂဏန်းဝန်းကျင်ရှိသည့် ကျေးရွာကြီးဖြစ်ပြီး လက်ရှိတွင် အာဏာသိမ်းတပ်က အင်အား (၈၀)ဝန်းကျင်ဖြင့် ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ငါးတင်းကြီးကျေးရွာကို ရောက်နေသည့် အာဏာသိမ်းတပ် စစ်ကြောင်းသည် ဧပြီလ (၁) ရက်နှင့် (၂) ရက်နေ့များက မင်းဝံစိုက်ကွင်းကျေးရွာကို မီးရှို့ခဲ့သည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။