ယင်းမာပင်မြို့နယ်အတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်က အောင်မိုးကျေးရွာရှိ နေအိမ်(၂၀)ကို မီးရှို့ဖျက်ဆီးသွား

Photo-Chindwin Peacock
Photo-Chindwin Peacock
ယင်းမာပင်မြို့နယ်အတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်က အောင်မိုးကျေးရွာရှိ နေအိမ်(၂၀)ကို မီးရှို့ဖျက်ဆီးသွား
ဖေဖော်ဝါရီ 13, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရွှေတောင်ဦးအနီးရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အောင်ဇေယျတပ်ကုန်းနှင့် ရဲတပ်ရင်း (၂၈)ကို ဖေဖော်ဝါရီလ(၁၁)ရက်က ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် အနီးရှိကျေးရွာကို အကြမ်းဖက်စစ် ကောင်စီတပ်များက မီးဝင်ရှို့ရာ နေအိမ်(၂၀) မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို အမိမြေတော်လှန်ရေး အဖွဲ့၊ ချိုမိုင်မိုင်အဖွဲ့၊ RFF နှင့် ပြောက်ကျားရဲဘော်များက စွန်ရဲစစ်ဆင်ရေးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဘက်က သေဆုံး၊ ထိခိုက်မှု အများအပြားရှိခဲ့ပြီးနောက် ကျေးရွာကို မီးရှိ့ခဲ့ခြင်းဖြစ်သည်။

မီးရှို့ခံခဲ့ရခြင်းကြောင့် အောင်မိုးကျေးရွာရှိ အိမ်ထောင်စု(၁၄)စု၏ နေအိမ်(၂၀ )မီးလောင်ပျက်စီးခဲ့ကာ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရသည်။

#TachileikNewsAgency