ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့်အတူ ကျရာတာဝန်များကို အုတ်တစ်ချပ်သဲတပွင့်ဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြော

ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့်အတူ ကျရာတာဝန်များကို အုတ်တစ်ချပ်သဲတပွင့်ဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြော

ကွယ်လွန်သွားပြီဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့်အတူ ကျရာတာဝန်များကို အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်မှ ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၅)ရက်နေ့တွင် အသိပေးသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်တို့သည် ၁၉၆၃ ခုနှစ် ဇန်နဝါရီလတွင် တစ်လထဲ မွေးဖွားခဲ့ကြပြီး ၊၂၀၂၄ ခုနှစ် မေလ (၁၃) ရက်နေ့ ညနေအထိ ကျရာတာဝန်များကို အုတ်တချပ်သဲတပွင့်အနေဖြင့် အတူထမ်းဆောင်ခဲ့ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်မှ ဆိုသည်။

“ငါတို့ ၂ ယောက်ပေါင်းရင် KIO အတွက် တရှဉ်းဖြစ်တယ်လို့ သူမကြာခဏပြောပါတယ်၊ ခုတော့ (သူ) ကောင်းကင်ခရီးသို့ ထွက်ခွာသွားပါပြီ။ ငါတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုတွေကို ပွေ့ပိုက်ပြီး၊ အဖ ဘုရားသခင်ရဲ့ ရင်ခွင်မှာ အေးငြိမ်းစွာ နားခိုပါ သူငယ်ချင်း”ဟု ရေးသားထားသည်။

ကွယ်လွန်သွားသည့် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ၎င်းခံစားနေရသည့် အသဲရောဂါအတွက် ၂၀၂၂ ခုနှစ် ကတည်းက ဆေးကုသရန် အခွင့်အရေးရသော်လည်း မြန်မာပြည်တွင် စစ်ရေးအတွက် အရေးပါသည့် အချိန်များဖြစ်သည့်အတွက် ဆေးကုသခြင်းထက် တော်လှန်ရေးအတွက် အချိန်ပေးခဲ့သူတစ်ဦးဖြစ်သည်။

KIA စစ်ဦးချုပ်သည် ကွယ်လွန်ချိန်၌ အသက် (၆၂) နှစ်ရှိပြီဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁) စစ်ဒေသ၏ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး စစ်ကိုင်း၊ မကွေး အပါအဝင် စစ်ဒေသ (၁) နယ်မြေအတွင်း စစ်ရေးပိုင်းဆိုင်ရာများကို ဦးဆောင်မှုပေးခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Photo: Gunmaw Sumlut