ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်း ဒီနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့မှာ လွယ်ဝှဲကျေးရွာတွင်းက နေအိမ်အချို့ကို အာဏာသိမ်းစစ်တပ်က မီးရှို့နေတဲ့အတွက် ဖယ်ခုံ pdf ပါဝင်တဲ့ ဒေသကာကွယ်ရေးအဖွဲ့များက တက်ရောက်ရှင်းလင်းတဲ့အခါမှာ ရွာတောင်ဘက်ကို အာဏာသိမ်းစစ်တပ်တွေဟာ တပ်ဆုတ်ခွာသွားကြပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့များက တက်ရောက်ရှင်းလင်းပြီး မီးငြှိမ်းကြတဲ့အတွက် နေအိမ်(၃)လုံးသာ လောင်ကျွမ်းခဲ့ကြောင်း ဖယ်ခုံ pdf က ဒီကနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ ညနေ(၃)နာရီအချိန်အထိ အာဏာသိမ်းစစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့များစုပေါင်းတဲ့အဖွဲ့တို့အကြား တိုင်းပွဲ ပြင်းထန်နေလျက်ရှိတယ်လို့ သိရပါတယ်။
ကျေးရွာများအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုများကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။၊
TachileikNewsAgency
video: ဖယ်ခုံ PDF