မန္တလေး ကညနရုံး (၄)ကြိမ်မြောက် ပေါက်ကွဲမှု ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်အတွင်း သိပ္ပံလမ်းမကြီးပေါ်ရှိတဲ့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ဆိုင်ကယ်အချို့ မီးလောင်သွားသလို လူလည်း ထိခိုက်ဒဏ်ရာရှိမှုတွေ ရှိတယ်လို့ သိရသယ်။

အခုဖြစ်စဉ်ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့  နံနက်(၁၁)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး အခုလို ဖြစ်ပွားတာဟာ အာဏာသိမ်းခံရတဲ့ကာလအတွင်းမှာ မန္တလေး ကညနရုံးအတွက် (၄)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုင်ငံကို စစ်တပ်က သိမ်းထားတဲ့ကာလအတွင်း အာဏာသိမ်းစစ်တပ်အတွက် အထောက်အပံ့မဖြစ်စေရန် အခွန်ဆောင်ခြင်းများမပြုလုပ်ဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီ အားပေးတဲ့အနေနဲ့ အခွန်မဆောင်ကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားမှုတွေရှိတဲ့အကြားက အခွန်အခများရရှိစေရန် ရုံးများဖြစ်လှစ်နေတဲ့အတွက် အခုလို ဖောက်ခွဲခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

 

video: CJ