မန္တလေးမြို့တွင် အာဏာသိမ်းစစ်တပ်၏ လက်ပါးစေများက ဖမ်းဆီးမှုများ ကင်းလှည့်မှုများ လုပ်နေသည့်အကြားက မန္တလေးလူငယ်များက စစ်တပ်များစွဲထားသည့် နန်းရှေ့ (၁၉)လမ်းပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြသည်။