ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဗီဒီယိုမှတ်တမ်းထွက်ပေါ်

မြစ်ငယ်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းမှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း NGU:FFက သတင်းထုတ်ပြန်

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သက်သက်ချိုအား ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်သည့်အဖွဲ့မှာ ပြည်သူ့ကာကွယ်ရေးနှင့်အာဏာရှင် ရှင်းလင်းသုတ်သင်ရေး(မန္တလေး)(NGU:FF)အဖွဲ့က ဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် သတင်းထုတ်ပြန်လာသည်။

ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် မြစ်ငယ်ဈေးအတွင်း၌ ၎င်းတို့အဖွဲ့က လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

 အသက်(၅၈)နှစ်အရွယ်ရှိ  အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း နောက်စေ့ဖောက်ဝင်ဒဏ်ရာရဖြင့် နေရာတွင် သေဆုံးသွားခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။



video: NGU:FF