စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၄၁)ဦးအနက် (၃၁)ဦးမှာ နှုတ်ထွက်သွားကြပြီဖြစ်ကြောင်း ကသာ PDF က အသိပေး ဖော်ပြထားသည်ကို တွေ့ရသည်။
(၄၁)ဦးအနက် နှုတ်ထွက်ရန် ကျန်ရှိသည့် (၁၀)ဦးတွင် (၁)ဦးမှာ ပျောက်ဆုံးနေကာ (၉)ဦးသာကျန်ပြီး နှုတ်ထွက်သွားသည့် (၄၁)ဦးထဲတွင်လည်း အချို့မှာ အာဏာသိမ်းစစ်တပ်ထံသို့ သတင်းပေးမှုူများရှိနေသည်ဟု သိရသည်။
နှုတ်ထွက်ပြီးသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့သည်လည်း အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့မှာ ရပ်ကွက်/ကျေးရွာများအတွင် PDF များ နေထိုင်နေခြင်းနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်အား သတင်းပေးမှုများရှိသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှုတ်ထွက်လာကြခြင်းလည်း ဖြစ်သည်။
#TachileikNewsAgency