ရေစကြိုမြို့ မင်းရွာစစ်ကောင်စီစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲ၍ တိုက်ခိုက်

ရေစကြိုမြို့ မင်းရွာစစ်ကောင်စီစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲ၍ တိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းရွာစစ်ကောင်စီစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်း (၅)ကြောင်းခွဲ၍ တိုက်ခိုက်ကြောင်း Y.L.K ဗိုလ် ၆၀ ပြောက်ကျားတပ်ထံမှ သိရသည်။

ရေလယ်ကျွန်းဒေသ မင်းရွာစစ်ကောင်စီစခန်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် တော်လှန်ရေးတပ်များ ပူးပေါင်း၍ စစ်ကြောင်း (၅) ကြောင်းခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ (၄)နာရီခန့် ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း မင်းရွာအနီးသို့ ရောက်ရှိပြီး စခန်းသိမ်းပိုက်ရန် ကြိုးစားစဉ်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လာရောက်တိုက်ခိုက်သဖြင့် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ၏ အသက်ကိုငဲ့၍  ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးအား ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့နှင့်အတူ ရေလယ်ကျွန်းစစ်ကြောင်း ၊ TLK ပြောက်ကြားတပ်ဖွဲ့ ၊ အမေ့လက်ရုံး ပြောက်ကျားတပ်ဖွဲ့ ၊ NY LPDF ၊ YLK ပြောက်ကျားတပ်ဖွဲ့ ၊ ရဲဘော်ညီနောင် ဒရုန်းတပ်ဖွဲ့ ၊ NY ဒရုန်းတပ်ဖွဲ့ နှင့် အခြားမဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency