ဆီဆိုင်မြို့နယ် ဝိန်းလုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများ ထွက်ပြေးရ

ဆီဆိုင်မြို့နယ် ဝိန်းလုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်သဖြင့် ဒေသခံများ ထွက်ပြေးရ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဝိန်းလုံကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLA ထံမှသိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၉)ရက်နေ့ ညနေ ၃ ဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ဝိန်းလုံကျေးရွာအတွင်းသို့ ဒရုန်းဖြင့် (၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်ခဲ့ပြီး ကျေးရွာပတ်ဝန်းကျင်တွင် ဒရုန်းဖြင့် (၆)ကြိမ် တိုက်ခိုက်ခဲ့‌ ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒေသခံများမှ ကြောက်ရွံ့ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် နမ့်တောင်းကျေးရွာအနီးရှိ တောင်ယာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် တောင်ယာအတွင်းရှိ ကလေးငယ် (၂)ဦးအပါအဝင် မိသားစုဝင် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများမှာ ခွန်ဖူးဆို အသက် (၈)နှစ်၊ နန်းရွှေစင် အသက် (၆)နှစ် နှင့် နန်းဒွုတ် အသက် (၂၉) နှစ်တို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : PNLA News & Info