အုတ်ဖိုမြို့နယ်တွင် သန်းခေါင်းစာရင်းကောက်မည်ဟု အသံချဲ့စက်ဖြင့်အော်နေသည့် အုပ်ကြီးပစ်ခတ်ခံရ

အုတ်ဖိုမြို့နယ်တွင် သန်းခေါင်းစာရင်းကောက်မည်ဟု အသံချဲ့စက်ဖြင့်အော်နေသည့် အုပ်ကြီးပစ်ခတ်ခံရ
နိုဝင်ဘာ 18, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ပျူစောထီး ခေါင်းဆောင်လည်းဖြစ်သည့် အောင်ဇော်(ခ)ဇော်ထွန်းဆိုသူ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့က ပစ်ခတ်ခံရကြောင်း သိရသည်။

၎င်းကို အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီးရှိ လမ်းမပေါ်၌ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့်အော်နေစဥ် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ သေနတ် ကျည်တစ်ချက်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူ အောင်ဇော်(ခ)ဇော်ထွန်းဆိုသူထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်းတစ်လုံးနှင့် ငွေသား (၅၇၀၀)ကျပ်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းသည် စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲများနှင့် PDF ရဲဘော်များ၏ အချက်အလက်များအား စစ်ကောင်စီထံ ထောက်လှမ်းသတင်းပိုခြင်း၊ စစ်ကောင်စီအလိုကျ ပြည်သူများအား အတင်းအကြပ်ခြိမ်းခြောက်၍ စစ်မှုထမ်းရန်လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခြင်းများ လုပ်ဆောင်နေသောကြောင့် အရေးယူရခြင်းဖြစ်သည်ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)